Tuesday, 25 January 2011

အ တချောင်းငင် ပသတ် ထုပ်

တို့ငယ်ငယ်က ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်ထဲက ပုံလေးတစ်ပုံပါ။
ဆရာကြီး ဦးခင်မောင်ဆွေ (ကန့်ဘလူ) ရေးတာလို့ထင်ပါတယ်။
ဟို တုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်။တစ်ယောက်က
စာတတ်တယ်၊တစ်ယောက်က စာမတတ်ဘူးတဲ့ကွယ်။
  တစ်နေ့ သူငယ်ချင်းနှစ်ယောက်တို့ တွေ့ဆုံကြရာ စာတတ်တဲ့သူက
စာမတတ်တဲ့သူကို ပြောတယ်။” သူငယ်ချင်း လူရယ်လို့ဖြစ်လာလို့ရင်
သေစာရှင်စာလောက်တော့သိထားဖို့လိုတယ်ကွာ။ မင်းကစာမတတ်ဘူး
မင်းစာတတ်အောင် ငါစာသင်ပေးမယ်ကွာ” လို့ပြောတယ်။
  စာမတတ်တဲ့သူငယ်ချင်းကလဲ ”ဟာ ဒီလိုဆိုရင်ကောင်းတာပေါ့၊
မနက်ဖြန်ကစပြီး တို့သင်ကြတာပေါ့ကွာ တို့ ဒီနေရာမှာပဲ အေးအေး
ဆေးဆေး သင်ကြတာပေါ့ “ ဟုဆိုကာ ချိန်းလိုက်တယ်။
 နောက်နေ့မှာ သူတို့စာသင်ကြဖို့ စတင်ကြတယ်လေ။စာတတ်တဲ့ 
သူငယ်ချင်းက ကိုင်း ”သူငယ်ချင်း စာလိုက်ဆိုမယ်  အ တချောင်းငင်
ပသတ် ထုပ် လို့ ရှေ့ကဆို တိုင်ပေးတယ်။စာမတတ်တဲ့သူက ပြုံးစိစိနဲ့
လိုက်မဆိုဘူးတဲ့လေ။ဒုတိယအကြိမ် အတချောင်းငင် ပသတ်ထုပ် လို့
ရှေ့ကဆို တိုင်ပေးပြန်တယ်။ ဒုတတိယအကြိမ်မှာလဲ စာမတတ်တဲ့သူက 
လိုက်မဆိုပြန်ဘူးတဲ့လေ။
  အဲဒီအချိန်မှာ စာတတ်တဲ့သူက စိတ်တိုလာပြီး သူငယ်ချင်း မင်းစာတတ်
အောင်မို့သင်ပေးနေတာ လိုက်ဆိုကွာလို့ ပြောပြီး တတိယအကြိမ် တိုင်ပေး
လိုက်တယ်။အ တချောင်းငင် ပသတ်ထုပ် ..လို့တဲ့လေ...
 ဟို စာမတတ်တဲ့ သူက “ သူငယ်ချင်း စာမတတ်လို့သာ လိုက်ဆိုရမှာ
ဟုတ်လိမ့်မယ် လို့ကို မထင်ဘူး“တဲ့လေ။ ဟဲဟဲ..ပုံလေးကတော့ ဒါပါပဲ။
တကယ်တော့ အတချောင်းငင် ပသတ်အုပ် လို့ အသံထွက်ရမှာလေ။
ဟုတ်တယ်မို့လား။အ တချောင်းငင် ပသတ်အုပ်။ အုပ်..အုပ်..အုပ် လေ။
ထုပ်  မဟုတ်ဘူး ။
                                           ရန်ကြီးအောင်ဓမ္မ

0 comments:

Post a Comment