တိတ်တဆိတ်နှုတ်ဆက်တယ်ဆိုရာမှာ
မျက်ရည်ဆိုတာ မရှိနိုင်ပါ။
တိတ်တခိုးချစ်ကြတယ်ဆိုရာမှာ
စကားလုံးဝ မဆိုနိုင်ပါ။
တို့များရဲ့ နှစ်ခုသော နှလုံးသားကလွဲလို့
ဘယ်သူမှလဲ မသိနိုင်ပါ။
အထီးကျန်ငှက်ငယ်
ညလှောင်အိမ်မှာ အကျဉ်းကျနေတယ်....
ရစ်တွယ်နေတဲ့ နွယ်သစ်ပင်ကလေးများ၊
နွေဦးရဲ့ ထက်စွာသော ဓါးကြောင့်
ကွဲကွာခဲ့ရပြီ။
နောက်ကျိတဲ့ ရွှံ့မြစ်ရေ၊
ကြည်လင်ချင် ကြည်လင်လာလိမ့်မယ်။
ကျီးငှက်ရဲ့ ဦးခေါင်းမည်းမည်း
ဖြူချင်လဲ ဖြူလာနိုင်တယ်။
တိတ်တဆိတ် နှုတ်ဆက်တယ်ဆိုတာ....
တိတ်တခိုး ချစ်ကြတယ်ဆိုတာ.....
နှစ်ဦးသားအဖို့ ဘာမှ ဖြစ်လာစရာမရှိတယ်။
သို့ပေမယ့်လည်း
အနာဂတ်ကို မျှော်လင့်ရင်း၊
ကျေနပ်လိုက်ပါတော့မယ်။
တရုပ်ကဗျာ(ပိုးကျူးသိ)
(၇၇၂-၈၄၆)
0 comments:
Post a Comment