Pages
Monday, 17 October 2011
Saturday, 19 February 2011
သူပေးတဲ့အပူ
သူပြောတဲ့စကား ငါ့ကိုစော်ကား
စဉ်းစားမိတိုင်း ဒေါသပွား။
တွေးမိတိုင်း သောကပွား။
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်၊
ငါ့ရင်ထဲမှာ မီးတောက်၊
ကြာလာတော့စိတ်ပြေ၊
မေ့လိုက်တော့ချမ်းသာ၊
တရားခံက ငါ့ဒေါသ၊
(ငါ့မာန ငါ့အတ္တ)၊
သူပေးတဲ့အပူ မယူလည်းရသားမို့၊
နောက်များဆို မယူဖို့
ငါ့စိတ်ကို ဆုံးမထား။
အမည်မသိစာဆိုရှင်
Labels:
ကဗျာများ
Sunday, 13 February 2011
တေးထပ်ရေးနည်း
တေးထပ်စုံ ဆယ့်ရှစ်ပိုဒ်
လုံးရေကိုက်မှတ်ရန်
အစပိုဒ် ပထမံ
ဆဋ္ဌံ သာရေးထုံး။(ဆဋ္ဌံ=ခြောက်လုံး)
လိုရင်းချက် မစပ်သာလျှင်
ပိုသွင်းပါ “သတ်” အဋ္ဌ် “န၀” သုံး။(သတ်=ခုနစ်၊အဋ္ဌ်=ရှစ်၊ န၀=ကိုးလုံး)
ဒု စတုတ် အဋ္ဌ် ဒသ်မှာ ။(ဒု=နှစ်၊စတု=လေး၊အဋ္ဌ်=ရှစ်၊ဒသ်=တစ်ဆယ်)
စုဒ္ဓသ်ပါ တွက်ရုံး။ (စုဒ္ဓသ်=တစ်ဆယ့်လေး)
ယင်းပိုဒ်စုံ အကုန်သုံး၊
ပဉ္စ လုံးချည်းပါ။ (ပဉ္စ=ငါး)
အဋ္ဌ် စုဒ္ဒါ ရံခါများ
ခြောက်လုံးကား ရှိလေသည်သာ။
သောဠသ ပိုဒ်ရေးစရာ (သောဠသ=တစ်ဆယ့်ခြောက်)
ရေးဖွဲ့ထုံးလာ
တေးထပ်ရဲ့ အဆုံးဟာ (ကွယ်)
အဆုံးမှာ တပ်ပါကွယ့် လေး ။
ရှေးစာဆို
လုံးရေကိုက်မှတ်ရန်
အစပိုဒ် ပထမံ
ဆဋ္ဌံ သာရေးထုံး။(ဆဋ္ဌံ=ခြောက်လုံး)
လိုရင်းချက် မစပ်သာလျှင်
ပိုသွင်းပါ “သတ်” အဋ္ဌ် “န၀” သုံး။(သတ်=ခုနစ်၊အဋ္ဌ်=ရှစ်၊ န၀=ကိုးလုံး)
ဒု စတုတ် အဋ္ဌ် ဒသ်မှာ ။(ဒု=နှစ်၊စတု=လေး၊အဋ္ဌ်=ရှစ်၊ဒသ်=တစ်ဆယ်)
စုဒ္ဓသ်ပါ တွက်ရုံး။ (စုဒ္ဓသ်=တစ်ဆယ့်လေး)
ယင်းပိုဒ်စုံ အကုန်သုံး၊
ပဉ္စ လုံးချည်းပါ။ (ပဉ္စ=ငါး)
အဋ္ဌ် စုဒ္ဒါ ရံခါများ
ခြောက်လုံးကား ရှိလေသည်သာ။
သောဠသ ပိုဒ်ရေးစရာ (သောဠသ=တစ်ဆယ့်ခြောက်)
လေးကသာ မှတ်ကြရော့
စပ်သမျှ တေးကဗျာရေးဖွဲ့ထုံးလာ
တေးထပ်ရဲ့ အဆုံးဟာ (ကွယ်)
အဆုံးမှာ တပ်ပါကွယ့် လေး ။
ရှေးစာဆို
Labels:
ကဗျာများ
Thursday, 27 January 2011
အမေ့မေတ္တာ သားသစ္စာ
တနယ်စီခြား ဝေးမြေသွားသည့်
သားထံသို့ဆီ စာဖွဲ့စီ၍ ပို့ခဲ့သည်။
ပူပြင်းတောက်လောင် နွေခေါင်ခေါင်ဝယ်
ဆာလောင်ရေချမ်း စိတ်မှာတမ်းလည်း
ကမ်းလှမ်းလင့်သူ ရှိလိမ့်တူဘူး
နေပူထဲတွင် လုပ်ငန်းဝင်၍
လူလျှင်ပင်ပန်း အားကုန်ခမ်းကာ
နွမ်းပါးဆင်းရဲ ဒုက္ခဘဲဟု
အမြဲတွေးကာ မေတ္တာလွန်ထား
ချစ်သားပမ်းရှာနေမှာဘဲတဲ့။
မိုးတွင်းဝဿန် ချိန်ခါပြန်လျှင်
လှိုင်းသံမိုးသံ အုံ့ခြိမ်းညံ၍
ဝေယံထစ်ချုန်း မိုးလုံးပြိုမျှ
ကျလာမိုးသက် တစ်စက်စက်တွင်
ကြင်နာသနား အားပေးကြသူ
မရှိမူပဲ လူသူနှင့်ဝေး
ပင်လယ်လေးမှာ ဖျားနာအေးချမ်း
ချစ်သားနွမ်းရှာနေမှာဘဲတဲ့။
မိုးကုန်ဆောင်းကူး ဟေမာန်ဦးဝယ်
ကူးရောက်မြောက်လေ မြူနှင်းဝေ၍
ပေတေသားငယ် အနွေးထည်လည်း
ကိုယ်ဝယ်မရှိ ချမ်းတုံချိစွာ
မဲ့သည့်အင်အား မနားလုပ်ငန်း
ငါးဖမ်းပုံကို မေငိုမိအောင်
ပုံသွင်ဆောင်၍ နှင်းလောင်စိုလွှမ်း
ချစ်သားချမ်းရှာနေမှာဘဲတဲ။
အို မေမေရယ် တနယ်သားဆီ
စာစီဖွဲ့ကာ စိတ်ပူရှာလည်း
သားမှာအမြဲ အသဲခိုင်မာ
ဇွဲမှာမူရင်း အားတင်းစိတ်သုံး
တုံးဆိုရင်တိုက် ကျားဆိုကိုက်ဟု
စရိုက်ပြောင်းလဲ အလုပ်ထဲတွင်
လိုမြဲဝိုင်းကူ လဲရင်ထူပေး
တူတူကောင်းစံ ဆိုးတူခံ၍
အပြန်အလှန် စေတနာမှန်ဖြင့်
စိတ်သန်လူဖြောင့် မကောင်းမညစ်
မြန်ပြည်ချစ်သည့် သွေးစစ်ညီဖော်
တပျော်တပါး စုလုပ်အားကြောင့်
နွေခြားမိုးဆောင်း ရာသီပြောင်း၍
အဟောင်းကုန်ဆုံး ပျောက်ပျက်ပြုန်းလည်း
ပြုံးပြုံးနှင့်ခံ သားအားမာန်တွင်
မေ့ထံကလာ ပို့ကာမေတ္တာ
စာပေလွာသည် ကာခြံတံတိုင်း
ဝိုင်းရံသည့်နှယ် အန္တရာယ်ရှင်း
ရန်စွယ်ကင်းဝေး မတွေးစိုးရိမ်
စိတ်တည်ငြိမ်၍ တစ်ချိန်တစ်နေ့
ရည်ရွယ်ပြည့်လျှင် မေ့ထံပါးဝယ်
သားငယ်ရည်မှန်း မနားတမ်းပင်
ရွှေအိုးထမ်း၍ပြန်လာမည်။
ကျော်ညွန့်
Labels:
ကဗျာများ
သခင်မ
အသားဖွေးကာပ
သွားလေးက ညီညီဖြူ
မထူပါ နှတ်ခမ်းပါးစွာနဲ့
မဟူရာ မျက်ဝန်းစားတဲ့ပြင်
ချွန်းအလားနှာတံမူ
ရှာကြံသူ မရအောင်လှတာမို့
မေးရ ဒီလူ။
စကားသံ နားထံစွဲတဲ့ပြင်
အသွားဟန် ကျားမှန် ဆွဲဆောင်တဲ့
နှောင်အဖွဲ့ရှိပါသူ
ကြည့်လာမူတော့ ရင်မှာအေး။
စံထိုးစေစရာ...
တန်ဖိုးငွေ အရှာနဲ့
ဖွေဆကာ စားအစာ ချက်ရာလည်း
မေက“စွာ” အားသာလျှက်ဟာမို့
များစွာမက် ကြောင်းလာသူကိုလေ
တောင်းခါမူ မင်းမမှားရအောင်
သခင်မရယ်....စဉ်းစားလို့ပေး။
မောင်ရန်ကြီးအောင်
Labels:
ကဗျာများ
Tuesday, 25 January 2011
အ တချောင်းငင် ပသတ် ထုပ်
တို့ငယ်ငယ်က ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်ထဲက ပုံလေးတစ်ပုံပါ။
ဆရာကြီး ဦးခင်မောင်ဆွေ (ကန့်ဘလူ) ရေးတာလို့ထင်ပါတယ်။
ဟို တုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်။တစ်ယောက်က
စာတတ်တယ်၊တစ်ယောက်က စာမတတ်ဘူးတဲ့ကွယ်။
တစ်နေ့ သူငယ်ချင်းနှစ်ယောက်တို့ တွေ့ဆုံကြရာ စာတတ်တဲ့သူက
စာမတတ်တဲ့သူကို ပြောတယ်။” သူငယ်ချင်း လူရယ်လို့ဖြစ်လာလို့ရင်
သေစာရှင်စာလောက်တော့သိထားဖို့လိုတယ်ကွာ။ မင်းကစာမတတ်ဘူး
မင်းစာတတ်အောင် ငါစာသင်ပေးမယ်ကွာ” လို့ပြောတယ်။
စာမတတ်တဲ့သူငယ်ချင်းကလဲ ”ဟာ ဒီလိုဆိုရင်ကောင်းတာပေါ့၊
မနက်ဖြန်ကစပြီး တို့သင်ကြတာပေါ့ကွာ တို့ ဒီနေရာမှာပဲ အေးအေး
ဆေးဆေး သင်ကြတာပေါ့ “ ဟုဆိုကာ ချိန်းလိုက်တယ်။
နောက်နေ့မှာ သူတို့စာသင်ကြဖို့ စတင်ကြတယ်လေ။စာတတ်တဲ့
သူငယ်ချင်းက ကိုင်း ”သူငယ်ချင်း စာလိုက်ဆိုမယ် အ တချောင်းငင်
ပသတ် ထုပ် လို့ ရှေ့ကဆို တိုင်ပေးတယ်။စာမတတ်တဲ့သူက ပြုံးစိစိနဲ့
လိုက်မဆိုဘူးတဲ့လေ။ဒုတိယအကြိမ် အတချောင်းငင် ပသတ်ထုပ် လို့
ရှေ့ကဆို တိုင်ပေးပြန်တယ်။ ဒုတတိယအကြိမ်မှာလဲ စာမတတ်တဲ့သူက
လိုက်မဆိုပြန်ဘူးတဲ့လေ။
အဲဒီအချိန်မှာ စာတတ်တဲ့သူက စိတ်တိုလာပြီး သူငယ်ချင်း မင်းစာတတ်
အောင်မို့သင်ပေးနေတာ လိုက်ဆိုကွာလို့ ပြောပြီး တတိယအကြိမ် တိုင်ပေး
လိုက်တယ်။အ တချောင်းငင် ပသတ်ထုပ် ..လို့တဲ့လေ...
ဟို စာမတတ်တဲ့ သူက “ သူငယ်ချင်း စာမတတ်လို့သာ လိုက်ဆိုရမှာ
ဟုတ်လိမ့်မယ် လို့ကို မထင်ဘူး“တဲ့လေ။ ဟဲဟဲ..ပုံလေးကတော့ ဒါပါပဲ။
တကယ်တော့ အတချောင်းငင် ပသတ်အုပ် လို့ အသံထွက်ရမှာလေ။
ဟုတ်တယ်မို့လား။အ တချောင်းငင် ပသတ်အုပ်။ အုပ်..အုပ်..အုပ် လေ။
ထုပ် မဟုတ်ဘူး ။
ရန်ကြီးအောင်ဓမ္မ
ထုပ် မဟုတ်ဘူး ။
ရန်ကြီးအောင်ဓမ္မ
Labels:
ပုံပြင်များ
အဆိုတစ်ခု
ကိစ္စတစ်ရပ်ဟာ ပုံစံမမှန်ဘဲနဲ့ ပထမအကြိမ် ဖြစ်ပေါ်ကြုံကြိုက်လာရင်
မတော်တဆတဲ့။ ဒုတိယအကြိမ်ဆိုရင် တိုက်ဆိုင်တာတဲ့။တတိယအကြိမ်
ဆိုရင်တော့ ရန်သူ့လက်ချက်တဲ့။